မိုးရာသီကာလ ဘေထုပ်စျေးကွက်အတွင်း အသားထူ ဘောင်းဘီ၊ အကျီများ အရောင်းအဝယ် ကောင်းနေ

ရန်ကုန် ဇွန် ၂၁

 

မိုးရာသီ ကာလ ဘေထုပ်စျေးကွက်အတွင်း အသားထူ ဘောင်းဘီ၊ အကျီများ အရောင်းအဝယ် ကောင်းနေကြောင်း ကြည့်မြင်တိုင် မိုးလေ၊ လေလုံ ဘေထုပ်စျေးရှိ ဆိုင်ကြီးတစ်ဆိုင်ဖြစ်သော USK ဆိုင်မှ ဦးကျော်သီဟ က ပြောသည်။


လက်ရှိတွင်လည်း ဘေထုပ်များ စျေးကွက်အတွင်း ရောင်းအားကောင်းနေကြောင်း သိရသည်။
"မိုးတွင်းကာလ အရောင်းအဝယ်ကတော့ အဆက်မပြတ်ရှိတယ်။ ကျွန်တော်တို့က မိုးလုံ၊ လေလုံ အဆောက်အအုံထဲမှာ ဆိုတော့လေ။ အခုမိုးတွင်းကတော့ မိုးကာနဲ့ နောက်အထူသား အင်ကျီတွေ၊ ဘောင်းဘီတွေရောင်းရတယ်ပေါ့။ အခုကာလလည်း ရောင်းဝယ်အားကောင်းပါတယ်" ဟု ဦးကျော်သီဟ က ဆိုသည်။

 

ပြီးခဲ့သည့် ကာလများက ရောင်းအားလျော့ကျမှုများရှိခဲ့သော်လည်း ယခုအခါ ရောင်းအားကောင်း နေပြီး  ၂၀၂၃ ခုနှစ် ဒီဇင်ဘာလနှင့် ဇန်နဝါရီလများအတွင်းက ရောင်းဝယ်အားကောင်းခဲ့ကာ ပြည်တွင်း ဈေးကွက်၌ brand အထည်များ ဝယ်ယူခြင်းထက် ဘေထုပ်ထည်ဝယ်ယူသူများပြား ခဲ့ကြောင်း သိရသည်။

 

ဘေထုပ်များအား တိုးနိုင်ဝှေ့ရှာဖွေဝယ်ယူနိုင်ပါက  AdidasNikeBurberryHugo Boss စသည့် နာမည်ကြီး Brand များအား ကျပ်ထောင်ဂဏန်းဖြင့် ရှာတွေ့နိုင်ပြီး ရွေးယူနိုင်ပါက အကောင်းစား များကို ရရှိနိုင်ခြင်းမှာလည်း ဘေထုပ်ကို လူအများ ကြိုက်နှစ်သက်ရသည့် အကြောင်းအရင်း တစ်ခု ဖြစ်ကြောင်း သိရသည်။

 

လူငယ်ထုကြား၌ ဘေထုပ်ကို Thrift သို့မဟုတ် Vintage ဟုလည်းခေါ်ဆိုကြပြီး  စနေ၊ တနင်္ဂနွေ  ပိတ်ရက်များ၌ ရန်ကုန်မြို၏ နာမည်ကျော် ကြည့်မြင်တိုင်ညစျေးရှိ ဘေထုပ်တန်းတွင် စည်းကားလေ့ရှိကြောင်းလည်း သိရသည်။

Thit Taw