မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦများ အမိုးလန်ပျက်စီး

ဆင်ပေါင်ဝဲ    ၃၁      မေ  


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင်  မေလ  ၃၁ ရက်နေ့ နံနက် ၄ နာရီမိနစ် ၂၀ အချိန်က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။


မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လယ်မကျေးရွာအုပ်စု၊ လယ်မကျေးရွာတွင် နေအိမ် (၃၂) လုံး၊ တောညောင်ပင်သာကျေးရွာအုပ်စု၊ တောညောင်ပင်သာကျေးရွာတွင် နေအိမ်(၁)လုံးတို့ အမိုးလေလန်ခြင်းများ ဖြစ်ပွားခဲ့ပြီး ပျက်စီးနေအိမ်နှင့် မိသားစုဝင်များအား မြို့နယ်သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့က ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။


နေခြည်(ဆင်ပေါင်ဝဲ)