မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရဝမ်ဒါနိုင်ငံ အန္တရာယ်ရှိဇုန်များတွင်နေထိုင်သူ ၆၀၀၀ ကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေး

၁၉ ဒီဇင်ဘာ

 

ဒီဇင်ဘာလ ပထမသီတင်းပတ် သုံးပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရဝမ်ဒါနိုင်ငံ နေရာအနှံ့အပြားရှိ အန္တရာယ်များသောနယ်မြေများမှ ဒေသခံ ၆၀၀၀ ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့သည် ဟု ရဝမ်ဒါအစိုးရ က ယမန်နေ့က ပြောကြားခဲ့သည်။

 

၎င်းတို့အနက် ၄၀၀၀ ဦးခန့်သည် ၎င်းတို့၏ ဆွေမျိုးများ ထံနေထိုင်ကြကြောင်း၊ ၁၅၀၀ ဦးမှာ အစိုးရငှားရမ်းထားသောနေအိမ်များတွင် နေထိုင်ကြကာ အခြား ၃၀၀ ဦးခန့်မှာ စာသင်ကျောင်းများရှိ ယာယီ ခိုလှုံရေးစခန်းတွင် နေထိုင်ကြသည်ဟု ဒေသန္တရအစိုးရဝန်ကြီး အာနတ်စ်စီ ရှာကာ က ကယ်ဆယ်ရေးနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

 

တတိယပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု ရပ်တန့်သွားခဲ့သော်လည်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် လျှော့ချရေးဆိုင်ရာ အစီအမံများ ဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး Jeanne d'Arc Mujawamariya က ထိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

ယခုနှစ်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနှင့်မြေပြိုမှုများ ဖြစ်ပွားကာ လမ်းမ ၂၂ ခုနှင့် ခရိုင် လမ်းနှင့်တံတား ၄၂ စင်း ထိခိုက်ခဲ့ကြောင်း အခြေခံအဆောက်အအုံဆိုင်ရာဝန်ကြီး ကလာဗာ ဂါတီတီ က ပြောကြားခဲ့သည်။

 

ရာသီဉတု ပြင်းထန်မှုကြောင့် အာဖရိကနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ပြီး ယခုနှစ်တွင် လူ ၁၀၀ ကျော် သေဆုံးခဲ့ကာ နေအိမ်အလုံး ၅၀၀၀ ပျက်စီးခဲ့ပြီး စိုက်ခင်း ဟက်တာ ၉၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း တရားဝင်သတင်းအချက်အလက်အရ သိရသည်။

 

အရှေ့အာဖရိကတွင် ယခုနှစ် ဒီဇင်ဘာလအစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် ၂၈၀ ဦး သေဆုံးပြီး အခြား ၂ ဒသမ ၈ သန်းကျော် ထိခိုက်ခဲ့ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို