မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်ကြောင်း ဂျပန်အာဏာပိုင်များက သတိပေးတိုက်တွန်း

တိုကျို   ဩဂုတ်   ၅

နီဂါတာပြည်နယ်တွင်    အမြင့်ဆုံး အဆင့်     အရေးပေါ်မိုးရွာသွန်းမှု သတိပေးချက်ကို ဆက်ပေးထား ကြောင်း    မိုးလေဝသအာဏာပိုင် များက ကြေညာထားသည်။  

ဟိုကူ ရီကူဒေသ၏   နေရာအနှံ့အပြားတွင်      ရုတ်တရက် မိုးဆက်လက်ရွာသွန်း ရန် ခန့်မှန်းမှုနှင့်အတူ နောက်ထပ် ဖြစ်နိုင်သော ဘေးအန္တရာယ်များကို စောင့်ကြည့်ရန်         မိုးလေဝသ အာဏာပိုင်များက ပြည်သူများကို   တိုက်တွန်းထားကြောင်း၊ နီဂါတာ ပြည်နယ်တွင်    လွန်ခဲ့သော     ၂၄  နာရီအတွင်း  မိုးရေချိန် ၅၀၀ မီလီ မီတာကျော်ရှိကြောင်း သိရသည်။          

ဂျပန်ပင်လယ်ကမ်းရိုးတန်းရှိ စီရင် စုတွင် ထူးထူး ခြားခြားရေကြီးမှုနှင့်     မြေပြိုမှုသတင်းများ    ထုတ်ပြန် ထားသည်။

မူရာခါမီမြို့ရှိ    ပြည်သူများ အား        အိမ်တွင်နေထိုင်ရန် သို့မဟုတ် ပိုမိုလုံခြုံသောနေရာသို့ ရွှေ့ပြောင်းရန် မိုးလေဝသအာဏာ ပိုင်များက  သတိပေးထားသည်။ ပြည်နယ်      ငါးခုတွင်ရှိသည့် လူပေါင်း   ၂၀၀၀၀၀   ကျော်ကို ဘေးလွတ်ရာသို့ နေရာပြောင်းရွှေ့ ရန်   အမိန့်ထုတ်ပြန်ထားသည်။  

အင်န်အိတ်ချ်ကေ