မျိုးသန့်သည့် ဝါမျိုးများ ဈေးကောင်းရပြီး အစိုးရချည်မျှင်နှင့် အထည်စက်များက ဝယ်ယူလျက်ရှိ

မလှိုင် ၁၇ ဇန်နဝါရီ 

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ဝမ်းတွင်းမြို့နယ်နှင့် နွာထိုးကြီးမြို့နယ်အစပ်ရှိ ဝါစိုက်တောင်သူများ ယခုနှစ်တွင် ဝါမျိုး အထွက်နှုန်းကောင်းမွန်နေခဲ့ပြီး မျိုးသန့်သည့် ဝါမျိုးများ ဈေးကောင်းရသဖြင့် ဝါစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

" ဒီနှစ်မှာ ဝါက အထွက်ကောင်းတယ်။ ဒီဒေသမှာ အဓိစိုက်တဲ့ ဝါတွေ ငွေချည် ၆ ဝါ၊  မလှိုင် ၅/၆ ဝါနှင့် ငွေချည် ၈ တို့ကို အဓိကထားစိုက်ပျိုးကြပါတယ်။ ငွေချည် ၈ က မျိုးသန့်တဲ့ ဝါမျိုးဖြစ်ပြီး ဈေးကောင်းပေး ဝယ်ရသလို ဈေးကောင်းလည်းရတယ်။ လက်ရှိမှာ တစ်ပိဿာကို ငွေကျပ် ၁၃၀ဝ ကနေ ၁၅၀ဝ အထိ ရှိနေတယ်။ ငွေချည် ၈ က ဈေးအကောင်းဆုံဖြစ်ပါတယ်။ ဝါပေါက်လှသလို ဈေးလည်းပိုရပြီး အစိုးရချည်မျှင်နဲ့ အထည်စက်များက ဝယ်ယူတဲ့ ဝါအမျိုးအစားဖြစ်ပါတယ်”ဟု မလှိုင်မြို့နယ် ချင်းလျားရွာတွင် စိုက်ပျိုးနေသူ ဝမ်းတွင်းမြို့နယ် ဒဟက်ကျေးရွာမှ ဦးအောင်ဝင်းက က ပြောသည်။

မလှိုင်မြို့နယ်၌ ၂၀၁၈ ခုနှစ်တွင် စုစုပေါင်းစိုက်ဧက ဧရိယာ ၁၂၉၉၄ ဧကစိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းဧက ၁၂၉၉၄ ဧကရှိရာ တစ်ဧကလျှင် ဝါပိဿာ ၁၉၉.၂၁ အထွက်နှုန်းရှိခဲ့ပြီး အထွက်စုစုပေါင်း ၂၅၈၈၅၄၄ ပိဿာ ထွက်ရှိခဲ့ကြောင်း ယခုအချိန်အထိ အထွက်နှုန်းကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ဘိုဘို(မလှိုင်)

 

mdn