မျိုးသုဉ်းတော့မည် ဖျံရောင်းဝယ်မှုကို ဂျပန်နိုင်ငံတွင် ပိတ်ပင်

၂၆ နိုဝင်ဘာ

ဂျပန်နိုင်ငံတွင် အန္တရာယ်ရှိနေသည့် တိရစ္ဆာန်များကို ကာကွယ်ရန်အတွက် ဖျံမျိုးစိတ်နှစ်မျိုးကို ပြည်တွင်းတွင် ရောင်းဝယ်မှုကို တားမြစ် ပိတ်ပင်လိုက်သည်။

 

o1

 

ဖျံများသည် အန္တရာယ်ရှိနေသည့် မျိုးစိတ်ဖြစ်သည့်အတွက် စီးပွား ဖြစ်ရောင်းချမှုကို တားဆီးရန် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး သဘောတူစာချုပ်တစ်ရပ်ကို ဩဂုတ်လအတွင်းက  အတည်ပြုချုပ်ဆိုခဲ့သည်။

အဆိုပါ ဖျံများသည် မူလက အရှေ့တောင်အာရှနှင့် အာရှတောင်ပိုင်းတို့မှဖြစ်ပြီး သေးငယ်သည့် ခြေသည်းများနှင့် ချောမွေ့သည့်အမွေးရှိသည့် သားကောင်များဖြစ်သည်။

ဂျပန်နိုင်ငံတွင် မကြားသေးမီက အိမ်မွေးတိရစ္ဆာန်များအဖြစ် လူကြိုက်များလာခြင်းဖြစ်သည်။

ယခင်က  ပြည်တွင်း၌ မွေးမြူထားသည့်ဖျံများကို နိုင်ငံအတွင်း ရောင်းချရန် သို့မဟုတ် လွှဲပြောင်းရန် အတွက်ကြိုတင်စာရင်းသွင်းထားရန်လိုအပ်ကြောင်း  ပြန်လည်ပြင်ဆင်ထားသည့် ဥပဒေတွင် ဖော်ပြထားသည် ။

ပိုင်ရှင်များသည် ဖျံများကို အိမ်မွေးတိရစ္ဆာန်အဖြစ်သတ်မှတ်ထားလျင် မှတ်ပုံတင်ရန် မလိုအပ်ဟု ဆိုသည်။

အချို့လူများမှ ဉပဒေကို မသိပဲ ချိုးဖောက်မှုဖြစ်ပွားနိုင်သဖြင့် ကန့်သတ်ချက်အသစ်ကို လူအများသို့ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်