မိုဝိုင်းလွတ်မြို့တွင် ပိုလီယို ကာကွယ်ဆေးနှင့် ဝက်သက် ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေး

မိုပိုင်းလွတ်  ၂၆   အောက်တိုဘာ

 

မွေးကင်းစမှ အသက်ငါးနှစ်အထိ ပိုလီယိုကာကွယ်ဆေးနှင့် အသက် ၉ လမှ ၅ နှစ် ၆ လပြည့်ပြီးသူများ ဝက်သိုက်ဂျိုက်သိုးကာကွယ်ဆေး တိုက်ကျွေးခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ မိုဝိုင်းလွတ်မြို့တွင် ယနေ့ နံနက်ပိုင်း ၉ နာရီအချိန် ကျေးလက်ကျန်းမာရေး ဆေးပေးခန်း၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့ကျန်းမာရေးမှ ဆရာမ ဒေါ်မာလာဖြိုးမှ တက်ရောက်လာသူများကို '' ဒီ အပိုဆောင်း ဆေးထိုး/တိုက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဝက်သက်ဂျိုက်သိုး ရောဂါ လက္ခဏာများအကြောင်း၊ ကူးစက်နိုင်သော ရောဂါများဖြစ်ပြီး ကူးစက်မခံရအောင် ကာကွယ်ဆေးများ တိုက်ကျွေးခြင်းဖြစ်ပြီး ပိုလီယိုကာကွယ်ဆေးကို တိုက်ကျွေးဖူးသည် ဖြစ်စေ၊ မတိုက်ကျွေးဖူးသည်ဖြစ်စေ ရည်မှန်းအသက် အုပ်စုဖြစ်တဲ့ မွေးကင်းစကနေ အသက်(၅) နှစ်အတွင်းမှာရှိတဲ့ ကလေးတိုင်းကို အပိုဆောင်း (၂)ကြိမ် တိုက်ကျွေးတာ ဖြစ်တယ်” ဟု အသိပညာပေး ပြောကြားခဲ့သည်။

 

အဆိုပါ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက် ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေး ခြင်း အစီအစဉ်အား မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ သတ်မှတ်ရက်အတွင်း ကွင်းဆင်း ပြုလုပ် ဆောင်ရွက်မည်ဖြစ်ပြီး ရောဂါများ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်ပြီး ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

နိုင်းခွီရှိန်း( ပြန် / ဆက် )