မကာအိုအပြည်ပြည်ဆိုင်ရာ နဂါးလှေလှော် ဖိတ်ခေါ်ပြိုင်ပွဲ မြန်မာလှေလှော်အဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်

မကာအို  ၃  ဇွန် 

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအို၌ ဇွန် ၇ ရက်တွင် ကျင်းပမည့် မကာအိုအပြည်ပြည်ဆိုင်ရာ နဂါးလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲသို့ မြန်မာလှေလှော်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီက အားကစားနှင့် ကာပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် မြန်မာလှေလှော်အားကစားအဖွဲ့ဝင်မျာနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် တွေ့ဆုံပွဲမှ သိရသည်။ 

 

အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းနှင့် အတွင်းရေးမှူး နည်းပြတို့က ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လိုအပ်သည်များကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြောကြားသည်။    

 

"ကျွန်တော်တို့ ၂၀၁၉ ပထမဆုံး ပြည်ပပြိုင်ပွဲဖြစ်သလို အမျိုးသမီးလှေလှော်အားကစားသမား မျိုးဆက်သစ်နဲ့ လက်ရွေးစင်များ စုပေါင်းပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ပွဲလည် းဖြစ်ပါတယ်။ ယခင်နှစ်က မျိုးဆက်သစ် ကစားသမားများပဲ ဝင်ရောက်ယှဉ်ပြိုင်တာ အဆင့်လေးပဲရရှိပါတယ်။ ဒီနှစ်အတွေ့ကြုံရှိတဲ့ လက်ရွေးစင်တွေပါတဲ့အတွက် ဆုတံဆိပ်များ မျှော်လင့်ထားပါတယ်” ဟု မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်  ဦးသောင်းထိုက်မင်းက ပြောသည်။ 

 

အဆိုပါ မကာအို အပြည်ပြည်ဆိုင်ရာ နဂါးလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲ၌ နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်ပါဝင်ပြီး မြန်မာလှေလှော် အမျိုးသမီးအသင်းသည် ပြိုင်ပွဲတွင် မီတာ ၅၀ဝ လှေလှော် ၂၂ တက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာလှေလှော်အမျိုးသမီး အားကစားအဖွဲ့တွင် အုပ်ချုပ်သူနည်းပြ အားကစားသမား ၂၂ ဦးတို့သည် ဇွန် ၅ ရက်တွင်  သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့် ဓာတ်ပုံ - အာကာစိုး