မကွေးမြို့ မြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေ သွန်းပွဲကျင်းပ

 

မကွေး မေ ၂၂

 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မကွေးမြို့ မြသလွန်စေတီတော် ရင်ပြင်၌ကျင်းပခဲ့သည်။

 

ဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ် ကွပ်ကွဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ပင့်သံဃာတော်နှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြသည်။

 

ထို့နောက် ညောင်ရေသွန်းပွဲအခမ်းအနားကိုကျင်းပရာ အခမ်အနားကို နမောတဿ သံးကြိမ်ရွတ်ဆို ဘုရာ;ကန်‌တော့ဖွင့်လှစ်ပေးခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တာဝန်ရှိသူများက မဟာဗောဓိပင်တော်အား လက်ယာရစ်ပူဇော်ပြီး နတ်မင်းကြီးလေးပါး ကြွရောက်နေရာယူသည်။

 

ယင်းနောက် မဟာဗောဓိပင်တော်အား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကဆုန်ညောင်ရေ သွန်းလောင်း၍ အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပူဇော်ခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

အောင်ကို(ဖန်ခါးမြေ)