မကွေးမြို့အနီး အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား

နေပြည်တော် ၁၃ ဇူလိုင်

 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃)နာရီ၊ (၁၆)မိနစ်၊ (၃၂)စက္ကန့် အချိန်တွင် ‌နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၇၆)မိုင်ခန့် ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း (မကွေးမြို့၏ တောင်-အရှေ့တောင်ဘက် (၁၃) မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၉၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၉၉) ဒီဂရီ၊ အနက် (၅၅) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

 

မိုးဇလ