မကွေး ဇွန် ၁
မကွေးမြို့နယ်အတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်၊ သိုလှောင်ကန်စခန်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်း အခြေခံသင်တန်းနှင့် စက်သုံးဆီသယ်ယာဉ် ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်း (၂/၂၀၂၆)ကို မေ ၃၀ ရက်က မကွေးမြို့ရှိ ထိန်ထိန်သာဟိုတယ်၌ ဖွင့်လှစ်သင်ကြားပို့ချပေးသည်။
သင်တန်းတွင် မကွေးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးမျိုးမင်းသိန်းက စက်သုံးဆီဆိုင် ဝန်ထမ်းများအတွက် သင်တန်းများ ဖွင့်လှစ်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စက်သုံးဆီ ကိုင်တွယ်ထိန်းသိမ်းခြင်း အခြေခံသင်တန်းမှ သင်တန်းသား ၂၉ ဦးနှင့် စက်သုံးဆီသယ်ယာဉ် ကိုင်တွယ်ထိန်းသိမ်း နည်းသင်တန်းမှ သင်တန်းသား ခြောက်ဦး စုစုပေါင်း သင်တန်းသား ၃၅ ဦးအား မကွေးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ သင်တန်းနည်းပြများက သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


