မကွေး ဇွန် ၁၀
မကွေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသင်တန်း (အရပ်သား) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအောင်မင်းနှင့် ခရိုင်ဦးစီးမှူး ဒေါက်တာလှမျိုးသန့်တို့က အမှာစကားပြောကြားကာ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးအေးမော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းနှင့်ပတ်သက်သည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ဒေသတွင်းတိရစ္ဆာန်ကူးစက်ရောဂါများနှင့် လူနှင့်တိရစ္ဆာန်အချင်းချင်း ကူးစက်တတ်သောရောဂါများ ကြိုတင် ကာကွယ်နိုင်ရန်၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ထိန်းချုပ်ခြင်း လုပ်ငန်းစဉ်များတွင် အရပ်သားပြည်သူများကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား ၂၀ အား ဇွန် ၉ ရက်မှ ၁၁ ရက်အထိ စနစ်တကျ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)


