မကွေး ဖေဖော်ဝါရီ ၉

 

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်းရှိ သမဝါယမ အသင်းသားတောင်သူများအား နှမ်းရိုးအခြေခံ သဘာဝမြေဩဇာ ထုတ်လုပ်မှုနှင့် EM (Effective Microorganism) ပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲပိုင်းက မကွေးမြို့နယ် သမဝါယမအသင်းစုရုံးဝင်း၌ ကျင်းပသည်။

 

ဦးစွာ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးအောင်မင်းက နှမ်းရိုးအခြေခံ သဘာဝမြေဩဇာထုတ်လုပ်မှု EM ဖော်စပ်နည်း၊ အသုံးပြုမည့်အချိန် အသင့်သုံး EM အဖြစ်ပြုလုပ်နည်း၊ အသင့်သုံး EM ဖြင့် နှမ်းရိုးသဘာဝ မြေဩဇာပြုလုပ်နည်း၊ သီးနှံပင်များအတွက် EM အသုံးပြုနိုင်သည့်နည်း၊ နှမ်းရိုးသဘာဝ မြေဩဇာအသုံးပြုပုံနှင့် အကျိုးရှိမှုတို့ကို ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် တောင်သူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

 

မောင်ခိုင်မင်း(ပြန်/ဆက်)