မကွေးမြို့နယ်တွင် မသင်္ကာဖွယ်သူ(၂)ဦးအား စစ်ဆေးမေးမြန်းရာမှ ဆိုင်ကယ်ခိုးမှုပေါ်ပေါက်

နေပြည်တော် ၃  သြဂုတ် 

 


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်မှ ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သြဂုတ်လ ၂ ရက်နေ့ ညနေ ၅ နာရီအချိန်၌ နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် မကွေးမြို့နယ်၊ မင်းကံကြီးရပ်ကွက်၊ မကွေးတက္ကသိုလ်ဝင်းအတွင်းရှိ ရုက္ခဗေဒအဆောင်အနီးတွင် လူ(၂)ဦးအား ဆိုင်ကယ်(၁)စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ မင်းဘူးမြို့နယ်၊ ကတက် ပေါင်းကျေးရွာနေ ရဲစွမ်းပြည့်(ခ)ရဲလေး(၁၉)နှစ်နှင့် မအိသိင်္ဂီကို(ခ)ရဲရင့်(၁၇)နှစ်တို့ဖြစ်ပြီး ၎င်းတို့အား ဆိုင်ကယ်နှင့် ပတ်သက်၍ မေးမြန်းရာ ပိုင်ဆိုင်ကြောင်းအထောက်အထားတစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်းမရှိသောကြောင့် ရဲစွမ်းပြည့်(ခ)ရဲလေးနှင့် မအိသိင်္ဂီကို(ခ)ရဲရင့်တို့(၂)ဦးအား မကွေးနယ်မြေရဲစခန်းက  အမှုဖွင့်အရေးထားကြောင်း သတင်းရရှိသည်။

 


MDN