မကွေးမြို့ရှိ ဈေးကြီး ၃ ဈေး၌ လုံခြုံရေးအတွက် CCTV ကင်မရာများတပ်ဆင်

မကွေး ၂၀  ဇွန် 

မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ မြို့မဈေး ၊ ကန်သာဈေးနှင့် ရန်ပယ်ဈေးတို့၌ အများပြည်သူအကျိုးစီးပွားလုံခြုံရေးအတွက် CCTVကင်မရာ(၂၀)လုံး တပ်ဆင်ထားပြီးဖြစ်ကြောင်း မကွေးမြို့နယ်စည်ပင်အမှု ဆောင်အရာရှိ ဦးမြင့်မြတ် ထံမှ သိရသည်။

 

1402037

 

ဈေးသူဈေးသားများက ၎င်းတို့၏အစီအစဉ်ဖြင့် CCTV ကင်မရာ(၈၁)လုံးကို ကိုယ်ပိုင်အကျိုးစီးပွား ကာကွယ်ရန် တပ်ဆင်အသုံးပြုမှုများရှိခဲ့ကြောင်း ၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အသုံးစရိတ်ခွင့်ပြုငွေ ၄၉ သိန်းဖြင့် CCTVကင်မရာ(၂၀) လုံးကို အများပြည်သူနှင့်သက်ဆိုင်သည့် ဧရိယာများ၌ ဇွန်လ ဒုတိယပတ်အတွင်း အပြီးတပ်ဆင်နိုင်ခဲ့ကြောင်း သိရသည်။

 

0102

 

“ အဓိကကတော့ ဈေးဝယ်လာပြည်သူတွေရဲ့ လုံခြုံရေး ၊ ဈေးရောင်းသူတွေရဲ့ အကျိုးစီးပွား လုံခြုံရေးအတွက် ရည်ရွယ်ပါတယ်။ မီးဘေးလုံခြုံရေးနဲ့ မှုခင်းကျဆင်း ရေး  ကြိုတင်ကာကွယ်တဲ့ သဘောလည်းဖြစ်အောင် ၊ စည်းကမ်းပိုင်း ထိန်းကျောင်းပေးနိုင်အောင် တပ်ဆင်ဖြစ်ခဲ့တာပါ။ လာမယ့်နှစ်တွေမှာလည်း တိုးချဲ့တပ်ဆင်သွားဖို့ ရှိပါတယ် ” ဟု မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၊ အမှုဆောင်အရာရှိ ဦးမြင့်မြတ်က ရှင်းပြသည်။

လုံခြုံရေးကင်မရာတပ်ဆင်မှုအခြေအနေမှာ ဈေးသူဈေးသားများ၏ အစီအစဉ်ဖြင့် မြို့မဈေးတွင် အလုံး ၃၀၊ ကန် သာဈေးတွင် ၁၈ လုံး ၊ ရန်ပယ်ဈေးတွင် ၁၇ လုံး ၊ ရန်ကင်းဈေးတွင် ၁၆ လုံး စုစုပေါင်းတပ်ဆင်မှု ၈၁ လုံး ၊ စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတွင် ၆ လုံး၊ ကန်သာ ဈေးတွင် ၇ လုံး၊ ရန်ပယ်ဈေးတွင် ၇ လုံး စုစုပေါင်းတပ်ဆင်မှု အလုံး ၂၀ လုံး ဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရသည်။

 ဇေယျတု(မကွေး)