မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မကွေး  ဇူလိုင်  ၂၂

 

၂၀၂၂ ခုနှစ် ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်း လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အလုပ်ရုံဆွေးနွေးပွဲကို ထိန်ထိန်သာဟိုတယ်ခန်းမ(၁)၌ ကျင်းပရာ မကွေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မကွေးဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ၊ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး Health and Safety Protocol National Level (HSP) နိုင်ငံအဆင့် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အသိအမှတ်ပြု တံဆိပ် ရရှိသော ထိန်ထိန်သာဟိုတယ်(၁)နှင့် မြင့်မိုရ်စံဟိုတယ်တို့အား အသိအမှတ်ပြုတံဆိပ် ချီးမြှင့်သည်။ ထို့နောက် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း(မကွေးဇုန်) ဥက္ကဋ္ဌ ဦးစံထွေးက ဌာနဆိုင်ရာ ဥပဒေများ ဆွေးနွေးပြောကြားပေးသည့် တာဝန်ရှိသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မောင်ညီညာ