မကွေးတိုင်းဒေသကြီး လွှတ်တော်(ပင်မ) အဆောက်အဦသစ်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး 

မကွေး  ၂၉  မေ     

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ တည်ဆောက်လျက်ရှိသည့် လွှတ်တော်ရုံး(ပင်မ) အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မေ ၂၈ ရက် နံနက် ၁၀ နာရီက မကွေးမြို့၊ နတ်မောက်လမ်းနှင့် သုခိတာလမ်းထောင့်ရှိ မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး (ပင်မ) အဆောက်အဦသစ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

01325

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖွဲ့သည် လွှတ်တော်အဆောက် အဦသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ Kyaw Thar Engineering & Construction Group Co, Ltd (KTECG) ၊ Modular Architect မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့သည်။

 

01334

 

ဆက်လက်၍ လွှတ်တော်ရုံး(ပင်မ) အဆောက်အဦရှိ Ball Room ခန်းမတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌတို့က လွှတ်တော်ရုံး(ပင်မ) အဆောက်အဦ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားအသီးသီးပြောကြားခဲ့ပြီး Kyaw Thar Engineer- ing  & Construction Group Co, Ltd (KTECG)မှ မန်နေဂျင်းဒါရိုက်တာ ဦးမောင်အေးမှ လွှတ်တော်ရုံး(ပင်မ) အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 

01426

 

အခမ်းအနားသို့  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဋ္ဌေး၊ ဦးကျော်စွမ်းရည်၊ တိုင်းဒေသကြီး လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့်နှင့် လွှတ်တော်ရုံးဝန်ထမ်းများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သည့် တင်ဒါကော်မတီအဖွဲ့ဝင်များ၊ Kyaw Thar Engineering & Construction Group Co, Ltd (KTECG) မှ တာဝန်ရှိသူများ၊ Modular Architect မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)

 

01526