မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော်  ၆  စက်တင်ဘာ 


ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ စက်တင်ဘာ ၂ ရက်မှ ၅ရက်အတွင်း သစ်တောဝန်ထမ်းများ၊သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့က တရားမဝင်သစ်များဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ရွာသစ်ကြီး ကျေးရွာအနီးရိုးကြီး တော တိုက်ဝန်းကျင်တဝိုက်တွင် တရားမဝင်ပျဉ်းကတိုး/ သစ်ယာခွဲသား ခန့်မှန်း(၅)တန်ခန့်၊   ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ အုတ်တွင်း-ပေါက်ခေါင်းလမ်းမိုင်တိုင် (၇၆/၅)၊ (၆၃/၂)အနီး ခပေါင်းကြိုးဝိုင်းအကွက်အမှတ်(၉၄)နှင့် (၅၈)တို့မှတရားမဝင်ကျွန်း/ သစ်ကဇော်(၆၃) ခွဲခြမ်း/ချောင်း (၆ ဒသမ ၂၅၅၈)တန်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ အောက်မတ္တရာတိုးချဲ့ကြိုးဝိုင်း (၃၁/၆၁/၆၂)အတွင်း၊ ဆည်တော်ကြီးကန်အနီး ဝန်းကျင်တို့တွင် တရားမဝင်ပျဉ်းကတိုး/ အင်/ ဇောင်းပလွေး/ သစ်မကျီး/ ဇင်ပြွန်း/ ဖက်သန်း/ သတီ/ သစ်ယာသစ်/ ခွဲသား (၄၄ ဒသမ ၃၆၈၈)တန်၊  ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ မင်းကုန်း ကျေးရွာ၏ အရှေ့ဘက်၊ ရန်ကုန် - မန္တလေးအမြန်လမ်းဟောင်း၊ တံတားဖြူအနီးတွင် မော်တော်ယာဉ်(ခဲရောင်)ပေါ်မှ တရားမဝင်ကျွန်းခွဲသား (ဝ ဒသမ ၈၅၆၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 


မောင်လူမော်

 

1