မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း PDF အကြမ်းဖက်သမားများမှ ဒေသခံ ကျေးရွာများရှိ အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း

နေပြည်တော် မတ် ၁၅

 

၂၀၂၂ခုနှစ်၊ မတ်လ ၁၃ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ စည်သာကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာနေ၊ စည်သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝေလွင်၏ နေအိမ်သို့ PDF အကြမ်းဖက်သမား ၂၀ ဦးခန့်မှ ရောက်ရှိလာပြီး သေနတ်များပစ်ဖောက်၍ နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ လူတစ်ဦးယောက်မှ မတွေ့ရှိရသဖြင့် နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးမှ သတင်းပေးပို့ခဲ့သည်။ လုံခြုံရေးပူးပေါင်းအဖွဲ့များက သတင်းအရ မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သွားရောက်၍ ဝိုင်းဝန်မီးငြိမ်း သတ်ပေးခဲ့ရာ PDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာရှိ လူနေအိမ် ၁၇ လုံး မီးလောင် ပျက်စီးခဲ့ရကြောင်း သိရသည်။

 

အလားတူ မတ်လ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊‌ ပေါက်မြို့နယ်၊ ညောင်ဝန်းပေါက်ကျေးရွာအုပ်စု၊ သီးချောက်ကျေးရွာနေ၊ ဦးအောင်ခင်ထွန်း (၄၀) နှစ်နှင့် ဖခင်ဖြစ်သူ ဦးမောင်အောင် (၇၂) နှစ် တို့ ၂ ဦးသည် ရှခွကြီးကျေးရွာ၏ အနောက်ဘက် (၁) ဖာလုံခန့် အကွာရှိ ၎င်းတို့ပိုင် ယာခင်းတွင် စိုက်ပျိုးထားသော ပဲများရိတ်သိမ်းနေစဉ် PDF အကြမ်းဖက်သမား လေးဦး သည် ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ဦးမောင်အောင်အား သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့သဖြင့် ဦးမောင်အောင်မှာ ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ သားဖြစ်သူ ဦးအောင်ခင်ထွန်းမှာ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်းနှင့် အဆိုပါ မီးရှို့၊ ပစ်ခတ်သူ PDF အကြမ်းဖက်များအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

သတင်းစဉ်

 

mdn