မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ကဆုန်လပြည့်နေ့ မကွေးမြသလွန် ဘုရားကွင်းတွင် ဆရာတော် သံဃာ/သီလရှင်အပါး (၁၂၀၀) ခန့်အား ဆွမ်းဆန်စိမ်းလောင်းလှူ

 

မကွေး၊ မေ ၃

 

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ မကွေးမြသလွန်ဘုရားကွင်း၌ ဆရာတော်သံဃာအပါး (၁၂၀၀) ခန့်အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ်နှင့် မကွေးတပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့များ၊ တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်လောင်းလှူ ပူဇော်ခဲ့ကြကြောင်း သိရသည်။

 

mdn

 

ထိုသို့ ဆွမ်းဆန်စိမ်းနှင့် လှူဒါန်းဖွယ်ပစ္စည်းများ လောင်းလှူရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်ဇနီးများ၊ အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ်နှင့် မကွေးတပ်နယ်ရှိ တပ်ရင်း/ တပ်ဖွဲ့များ၊ တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံပြည်သူများသည် ပင့်ဖိတ်ထားသည့် မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၉၆) ကျောင်းနှင့် စာသင်တိုက်ကျောင်းအသီးသီးမှ ဆရာတော် သံဃာတော်/ သီလရှင် စုစုပေါင်း (၁၁၇၄) ပါးအား ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြသည်။

 

ယင်းသို့ လောင်းလှူပူဇော်ရာတွင် အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်နှင့် မကွေးလေတပ်စခန်းဌာနချုပ်၊ အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ်နှင့် မကွေးတပ်နယ်ရှိ တပ်ရင်း/တပ်ဖွဲ့များ၊ ဌာနဆိုင်ရာ (၈၄) ဌာန၊ မြို့ပေါ်ရပ်ကွက် (၁၆) ရပ်ကွက်နှင့် စေတနာရှင် အလှူရှင်များမှ စုစုပေါင်းလှူဒါန်းမှုအနေဖြင့် ငွေကျပ် (၉၇၅) သိန်းကျော်ခန့် လှူဒါန်းခဲ့ပြီး မြသလွန်ဘုရား ရင်ပြင်တော်ပေါ်၌ ဝတ်ရွတ်အသင်း (၂၀) မှ အန္တရာယ်ကင်း ပရိတ်ပဌာန်းများကိုလည်း ရွတ်ဖတ် ပူဇော်ခဲ့ကြောင်း သိရသည်။

 

ကိုစည်သူ(မကွေး)