မကွေးတိုင်းဒေသကြီးအတွင်းရှိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များထံ ပို့ဆောင်မည့် လက်နက်/ခဲယမ်းများနှင့်အတူ တရားခံများ ဖမ်းဆီးရမိ

 

 

နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၇

 

နိုင်ငံတော်အစိုးရမှ  အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့်   CRPH ၊ NUG  နှင့် PDF အမည်ခံ အကြမ်းဖက်အုပ်စုများသည် ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊  ဆရာ၊  ဆရာမများ အပါအဝင်   နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများအား   ဥပဒေမဲ့ကျူးလွန် လျက်ရှိသည်။  ထို့အပြင် CRPH နှင့် NUG တို့သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နှင့်  ချိတ်ဆက်၍ လက်နက်/ခဲယမ်းများ ဝယ်ယူကာ PDF အမည်ခံ အကြမ်းဖက် သမားများကို  ထောက်ပံ့၍ အပြစ်မဲ့ပြည်သူများအပေါ်  ခြိမ်းခြောက်ခြင်း၊  လူသတ်ခြင်းနှင့်  အဖျက်အမှောင့်လုပ်ငန်းများ   လုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

 

နိုင်ငံတော်   အစိုးရအနေဖြင့် လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိ စေရန် အလေးထားလုပ်ဆောင်  လျက်ရှိပြီး နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို  ပျက်ပြားစေသောလုပ်ရပ်နှင့်  အကြမ်းဖက်မှုလုပ်ရပ် များကို  မလိုလားသည့် ဒေသခံတိုင်းရင်းသား ပြည်သူများကလည်း  အကြမ်းဖက်သမားများ၏ သတင်းများကို လျှို့ဝှက်ပေးပို့ လျက်ရှိသည်။ သို့ဖြစ်၍  တာဝန်သိပြည်သူများ၏ လျှို့ဝှက်စွာ သတင်းပေးပို့မှုများအား  ဆက်စပ်သတင်း ဖော်ထုတ်မှုများအရ ဖေဖော်ဝါရီ ၂၄ ရက်  နံနက်ပိုင်းတွင်  သထုံမြို့ ကော့ကရိတ် - သထုံ ကားလမ်း သထုံမြို့အထွက် ကားဂိတ်၌  ကျိုက်ထိုမြို့ဘက်မှ  မော်လမြိုင်မြို့ဘက်သို့ မောင်းနှင် လာသည့်  ယာဉ်အမှတ်  YGN/RLG-2396 ပရာဒိုယာဉ်အား ရပ်တန့် ရှာဖွေစစ်ဆေးခဲ့ရာ  ယာဉ်မောင်း ဝင်းဇော် နှင့် ဇော်လွင်ဦး(ခ) ဥူးတေဇောဘာသ တို့ကို MK- 12 သေနတ်နှစ်လက်၊ M-4 ကာဘိုင် နှစ်လက်၊ M-16 သေနတ် တစ်လက်၊ ပွိုင့်-၃၈၀  ရိုင်ဖယ်တစ်လက်၊ AK-47 သေနတ်တစ်လက်၊  Glock ပစ္စတို ၁၀ လက်၊ Sigsauer  ပစ္စတို သုံးလက်၊  ကျည်မျိုးစုံ ၃၉၈၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၄၆ ခု၊ ရီမုခလုတ် ၄၉ ခု  တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်တွင်  တရားခံ ကျားနှစ်ဦးနှင့်အတူ  လက်နက်ငယ်မျိုးစုံ ၂၀၊ ကျည်မျိုးစုံ ၃၉၈၀၊ ကျည်အိမ်  မျိုးစုံ ၄၆ ခု၊ ရီမုခလုတ် ၄၉ ခု တို့ ကို သိမ်းဆည်းရမိခဲ့သည်။

 

mdn

 

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ  တရားခံ ဝင်းဇော် နှင့်  ဇော်လွင်ဦး(ခ) ဉူးတေဇောဘာသ တို့  နှစ်ဦးသည် ၂၀၂၁ ခုနှစ် မတ်လခန့်တွင် KNLA တပ်မဟာ(၆) လှုပ်ရှားနယ်မြေ လေးကေ့ကော်၌  အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေး  သင်တန်းအား  တစ်လခန့်  တက်ရောက်ခဲ့ကြောင်း၊  အကြမ်းဖက်သင်တန်း တက်ရောက်စဉ် ရင်းနှီးခဲ့သည့် ဖမ်းဆီးရန်ကျန်တရားခံ ဆရာမိုး၊ မြဝတီမြို့နေသူ၏ ချိတ်ဆက်ပေးမှုဖြင့် အကြမ်းဖက် CRPH နှင့် NUG မှ KNLA တပ်မဟာ(၆)ထံမှ ဝယ်ယူခဲ့သည့် လက်နက်/ ခဲယမ်းများအား  မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အတွင်း လှုပ်ရှားလျက်ရှိသည့် မြိုင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ  ဖမ်းဆီးရန်ကျန်  တရားခံ ရဲသော်တာ  (ခ)  ကျောက်တိုင်၊ ဗိုလ်လင်္ကျာနှင့် မြိုင်ကြီး(ခ)ယက္ခ တို့ထံသို့ အခကြေးငွေရယူ၍ ပို့ဆောင်ပေးခဲ့ကြောင်း  ဖော်ထုတ်သိရှိရသည်။

 

ဖမ်းဆီးရမိ တရားခံများ၏  ထွက်ဆိုချက်အရ လက်နက်/ခဲယမ်းများကို  မွေ့ယာ၊ မြက်ဖျာများ၊ အဝတ်အစား ဘေထုပ်အိတ်များနှင့်  မုန့်ပုံးများအတွင်း၌ ထည့်သွင်းသိုဝှက်၍ ခရီးသည် တင်ကားများဖြင့်  ပို့ဆောင်ခြင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ ကို  သာသနာပိုင်ယာဉ်၊  လူမှု  ကယ်ဆယ်ရေးယာဉ် နံပါတ်ပြား များ တပ်ဆင်၍ ပုံမှားရိုက် ခရီးသွားဟန်လွဲ ပြုလုပ်ပို့ဆောင်ခြင်း၊ ယာဉ်အောက်ကြမ်းခင်းများအတွင်း အံဝှက်များပြုလုပ်၍ ထည့်သွင်းပို့ဆောင်ကာ လမ်းကြောင်း တစ်လျှောက် အဆင့်ဆင့် လက်ပြောင်းလက်လွှဲ ပြုလုပ်၍ လျှို့ဝှက်စွာသယ်ဆောင်ခဲ့သော်လည်း  လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ လက်ဦးမှုသတင်းရယူကာ စနစ်တကျပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများကြောင့်  ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 

mdn

 

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရား ခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုလုပ်ငန်း  ဆောင် ရွက်နေသူများအား ပြည်သူ  တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား  အမြန်ဆုံး ဆက်လက်  ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက  သက်ဆိုင်ရာသို့  လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊  သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ  လျှို့ဝှက်၍ ဆုငွေများ  ချီးမြှင့်ပေးလျက်ရှိကြောင်း နှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန်  မေတ္တာရပ်ခံ အပ်ပါကြောင်း  အသိပေးသတင်း ထုတ်ပြန်ထားသည်။ 

 

သတင်းစဉ်