မကွေးတိုင်းဒေသကြီး၌ ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

မကွေး ဒီဇင်ဘာ ၃

မကွေးတိုင်းဒေသကြီး၌ ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးပညာရေးဒီဂရီကောလိပ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ မကွေးသူနာပြုသင်တန်းကျောင်းမှ သင်တန်းသား သင်တန်းသူများနှင့် အားကစား စိတ်ဝင်စားသည့် ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စုပေါင်းလမ်းလျှောက်ပွဲ စုရပ်ဖြစ်သည့် မကွေးခရိုင် အားကစားကွင်းအနီးရှိ လမ်းငါသွယ်အဝိုင်းပတ်လမ်းမှ စတင်ပြီး ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက် ခရိုင်အားကစားကွင်းအထိ တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး မကွေးခရိုင် အားကစားကွင်းအတွင်း၌ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်ကြသည်။ ထို့နောက် စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့ကြသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မကွေးခရိုင်အားကစားကွင်းတွင် ဗလာမပါ ကံစမ်းမဲများ မဲဖောက်ပေးခဲ့ကြောင်း သိရသည်။ 

ကိုစည်သူ(မကွေး)