မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

 

မကွေး အောက်တိုဘာ ၅

 

မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအရ အနန္ဒဂိုဏ်းဝင် ကျေးဇူးရှင်မြတ်ဆရာအပေါ် အစဉ်လေးစား တန်ဖိုးထားတက်စေရန်၊ အာစရိယများနှင့် ဥပဇ္ဈယဆရာ အရည်အသွေးများ ပြည့်ဝသည့် မြတ်ဆရာများ ပေါ်ထွန်းလာစေရန်အတွက် ကမ္ဘာဆရာများနေ့ အခမ်းအနားကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်စွာကျင်းပ၍ ဆရာများ၏ ဂုဏ်ကျေးဇူးကို ဖော်ထုတ်ဂုဏ်ပြုလျက် မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ပြီး ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာ ၅ ရက် ယနေ့ နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံ‌တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ဖတ်ကြားခဲ့ပြီး ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ (၅) ဖွဲ့၏ ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို  မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးသက်လေးဦးက ဖတ်ကြားခဲ့သည်။

 

ဆက်လက်၍ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ ရှင်မဟာရဌသာရ၏ “လက်သစ်တောင်တာဆုံးမစာ” စကားပြေ ပြန်ဆိုပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကာ ဆရာ/မများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး ဧည့်ခံသီဆို ကပြခဲ့ကြသည့် ဆရာ/ဆရာမများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးပညာရေးမှူးတို့က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မောင်ညီညာ

mdn