မက္ကဆီကို ညကလပ် မီးရှို့မှုဖြစ်ပွား ၂၆ ဦးထက်မနည်း သေဆုံး ၊ ၁၁ ဦး  ဒဏ်ရာရ

၂၉ သြဂုတ်


မက္ကဆီကိုအရှေ့ပိုင်း ညကလပ်တစ်ခုတွင် မီးရှို့မှုဖြစ်ပွားသဖြင့် ၂၆ ဦးထက်မနည်းသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရရှေ့နေချုပ်ရုံးက ယမန်နေ့က ပြောကြားခဲ့သည်။


ဗာရက်ခရုဇ်ပြည်နယ် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ကုတ်ဇာကိုအယ်ကိုစ် ရှိ ကာဘယ်လို ဘလန်ကို ဘားဆိုင် ကို အင်္ဂါနေ့က မီးရှို့ခဲ့ပြီးနောက်  ထိုဆိုင်အတွင်းရှိ အရေးပေါ်ထွက်ပေါက်ကို ပိတ်ပစ်ခဲ့သည်ဟု သိရသည်။


အမျိုးသမီး ၁၀ ဦး အပါအဝင် သေဆုံးသူအများစုမှာ အသက်ရှူကျပ်ပြီး သေဆုံးခဲဲ့ခြင်း ဖြစ်သည်။


ထိုမီး၇ှို့မှုကို ဗာရက်ခရုဇ်ပြည်နယ်အုပ်ချုပ်ရေးမှူး Cuitlahuac Garcia က ပြစ်တင်ရှုတ်ချကြောင်း ပြောဆိုကာ  ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ပြည်နယ်အာဏာပိုင်များနှင့် ဗဟိုအစိုးရနှင့် သက်ဆိုင်သော စုံစမ်းစစ်ဆေးသူများ ပူးပေါင်းကာ ဆောင်ရွက်နေကြကြောင်းနှင့် အပြစ်ရှိသူကို အရေးယူသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။


၎င်း မီးရှို့ခြင်း၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမသိရှိရသေးသော်လည်း ကနဦး စုံစမ်းစစ်ဆေးတင်ပြချက်အရ ထိုညကလပ်ပိုင်ရှင်က ၎င်းဘားတွင် မူးယစ်ဆေးဝါးများ ရောင်းချရန် ငြင်းဆန်ခဲ့ပြီးနောက် လက်တုံ့ပြန်မှုတစ်ခု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Cuitlahuac Garcia က ပြောကြားခဲ့သည်။


ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို