မက္ကဆီကိုနိုင်ငံ လွတ်လပ်ရေးနေ့မှာ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြု

၁၇ စက်တင်ဘာ

မက္ကဆီကိုနိုင်ငံရဲ့ (၂၁၀)ကြိမ်မြောက် လွတ်လပ်ရေးနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုး တိုက်ဖျက်ရေးမှာ ရှေ့တန်းကပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေအား ဂုဏ်ပြုတံဆိပ်တွေ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

လွတ်လပ်ရေးနေ့မှာ ကျန်းမာရေးဝန်ထမ်းအား ဂုဏ်ပြုခံစင်မြင့်မှာ ထားရှိပြီး ဂုဏ်ပြုခဲ့သလို ဆရာဝန်နဲ့ သူနာပြု ၅၈ ဦးကိုလည်း သူတို့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ လုပ်အားအတွက် ဂုဏ်ပြုဆုတံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးက ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ဖြစ်ပွားစဉ်တစ်လျှောက်လုံး သူတို့ရဲ့အသက်ကို ဂရုမထားဘဲ၊ မိနစ်တိုင်းမှာ သူတို့အသက်အန္တရာယ်ရှိနေပေမယ့် တုံ့ဆိုင်းခြင်းမရှိဘဲ ပြည်သူတွေရဲ့အသက် ကယ်ဆယ်ရေးလုပ်ဆောင်တဲ့အတွက် ဂုဏ်ပြုတာဖြစ်ကြောင်း ပြောပါတယ်။

မက္ကဆီကိုနိုင်ငံဟာ စပိန်ကိုလိုနီလက်အောက်မှာ ၁၈၁၀ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့မှာ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၆၈၀,၉၃၁ ဦးထဲမှ ၇၁,၉၇၈ ဦးသေဆုံးကြောင်း ဒီနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

MDN

ကိုးကား - AFP