မက္ကဆီကိုနယ်စပ်၌ တံတိုင်းတည်ဆောက်ရေး ကန်အမတ်များ သဘောထားကွဲလွဲ

၁ ဇန်နဝါရီ

 

ကွန်ကရက် အသုံးစရိတ်များအပေါ် ပွင့်လင်းမြင်သာစွာ ဆွေးနွေးခြင်းမရှိသဖြင့် ၂၀၁၈ခုနှစ်၏ နောက်ဆုံးနေ့အထိ အမေရိကန်အစိုးရ၏  အုပ်ချုပ်မှု တစ်စိတ်တစ်ပိုင်းကို ရပ်ထားရမည်ဖြစ်သည်။  

 

မက္ကဆီကို နယ်စပ်တစ်လျှောက် ခြံစည်းရိုးတည်ဆောက်ရန်အတွက် သမ္မတဒေါ်နယ်ထရန့်၏ ရန်ပုံငွေ တောင်းခံမှုနှင့်ပတ်သက်၍  ရီပတ်ပလစ်ကန်နှင့် ဒီမိုကရက်တစ်တို့ကြား သဘောထားကွဲလွဲလျက်ရှိသည်။ အဆိုပါ သဘောထားကွဲလွဲမှုက အစိုးရ၏ အုပ်ချုပ်ရေးယန္တယားကို တစ်စိတ်တစ်ပိုင်း ရပ်နားသွားစေခဲ့သည်။ 

 

ကြာသပတေးနေ့မှစ၍ အောက်လွှတ်တော်ကို ထိန်းချုပ်ခံသည့် ဒီမိုကရက်တို့က  အသုံးစရိတ်ဥပဒေကြမ်း ပြဌာန်းရန်  ရည်မှန်းထားကြောင်း အမေရိကန်မီဒီယာများက ဖော်ပြသည်။ အဆိုပါဥပဒေကြမ်းက နယ်စပ် လုံခြုံရေးအတွက် ရန်ပုံငွေ ပံ့ပိုးပေးမည်ဖြစ်သော်လည်း ခြံစည်းရိုးတည်ဆောက်မှု ကုန်ကျစရိတ်မပါဝင်ပေ။

 

ဖလော်ရီဒါကို အားလပ်ရပ်များတွင် သွားရောက်မည့်အစီအစဉ်ကို ထရန့်က ပယ်ဖျက်ပြီးနောက် တနင်္လာနေ့တွင် ၁၀ရက်မြောက် အစိုးရယန္တယားပိတ်ထားခြင်းကို တွစ်တာ၌ ဖော်ပြခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

 

ဘာသာပြန်-မေဇော်ထက်

 

mdn