မက္ကဆီကိုစီးတီး ဖေဖော်ဝါရီ ၁၈
အမေရိကန်နည်းပညာကုမ္ပဏီ ဂူဂဲလ်အနေဖြင့် ဂူဂဲလ်မှထုတ်လုပ်သည့် မြေပုံများတွင် မက္ကဆီကို ပင်လယ်ကွေ့အား မူလအမည်အတိုင်းဖော်ပြခြင်းမပြုပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မက္ကဆီကိုသမ္မတ ကလော်ဒီရာရှိန်ဘန်းက ယမန်နေ့တွင် ပြောကြားသည်။
မက္ကဆီကိုပင်လယ်ကွေ့အား အမေရိကန်ပင်လယ်ကွေ့ဟု အမေရိကန်သမ္မတ ထရမ့် ညွှန်ကြားသည့် အတိုင်း ပြောင်းလဲရန် ဂူဂဲလ်တွင် အခွင့်အရေးမရှိကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ သမ္မတထရမ့်၏ ညွှန်ကြားချက်အတိုင်း မက္ကဆီကိုပင်လယ်ကွေ့အား အမေရိကန် ပင်လယ်ကွေ့ဟု ပြင်ဆင်မည်ဆိုပါက မက္ကဆီကိုပင်လယ်ကွေ့အတွင်းရှိ အမေရိကန်ပိုင်နက်ဒေသ ကိုသာ အမေရိကန်ပင်လယ်ကွေ့ဟု ပြင်ဆင်နိုင်ပြီး မက္ကဆီကိုပင်လယ်ကွေ့ရှိ မက္ကဆီကိုနိုင်ငံနှင့် ကျူးဘားနိုင်ငံပိုင်နက်ဒေသများကို အမေရိကန်ပင်လယ်ကွေ့ဟု ပြင်ဆင်ခွင့်မရှိကြောင်း ၎င်းက ပြောကြားသည်။
လက်ရှိအချိန်တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဂူဂဲလ်က မည်သို့ဆောင်ရွက်မည်ကို စောင့်ကြည့် နေပြီး ၎င်းဆောင်ရွက်ချက်အား ကျေနပ်မှုမရှိပါက တရားစွဲဆိုဆောင်ရွက်မည်ဟု ၎င်းက ပြောကြား သည်။ မက္ကဆီကို၏ ဂူဂဲလ်အပေါ် သတိပေးချက်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် သတိပေး ခဲ့စဉ်က ဂူဂဲလ်၏ မက္ကဆီကိုပင်လယ်ကွေ့အား ရှုပ်ထွေးစွာအမည်ပေးခဲ့ခြင်းကို မကျေနပ်၍ ယခုကဲ့သို့ ထပ်မံသတိပေးခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ