မျက်နှာချင်းဆိုင် ကားနှင့်ဆိုင်ကယ်တိုက်မိ၍ လူတစ်ဦးသေဆုံး

ပုလော ၆ စက်တင်ဘာ        


တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် မျက်နှာချင်းဆိုင် ကားနှင့်ဆိုင်ကယ် တိုက်မိ၍ ဆိုင်ကယ်တိမ်းမှောက်ကာ လူတစ်ဦးသေဆုံးမှု စက်တင်ဘာလ ၅ ရက်နေ့ ည (၁၀) နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ထားဝယ်မြို့မှ မြိတ်မြို့သို့ ကိုဇော်သူ မောင်းနှင်လာသော အဖြူရောင်မော်တော်ယာဉ်သည် ပုလောမြို့တံတားအနီးအရောက်တွင် ပုလောမြို့တွင်းဘက်မှ ရှပ်ပုံကျေးရွာဘက်သို့ ဦးစိန်ဟို မောင်းနှင်ပြီး၊ သားဖြစ်သူ မောင်ကောင်းဇော်ထွေး နောက်မှ ထိုင်စီးလိုက်ပါလာသည့်  ဆိုင်ကယ်တို့သည် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်တိမ်းမှောက်ကာ ဒဏ်ရာရသေဆုံးခဲ့ခြင်းဖြစ်သည်။


ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသည်အထိ ယာဉ်ပေါ့လျော့စွာ မဆင်မခြင် မောင်းနှင်ကြသည့် ယာဉ်မောင်းများကို အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထူးဝေယံ(ပြန်/ဆက်)