မလေးရှားအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ တနင်္လာနေ့မှာ ကျမ်းကျိန်မယ်

၁၉ မေ

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က သူ့ အစိုးရအဖွဲ့မှာ ပါတဲ့ ဝန်ကြီး ၁၄ ယောက်ရဲ့အမည်စာရင်းကို သောကြာနေ ညနေပိုင်းက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့စာရင်းကို ဘုရင်ကသာ အသိအမှတ်ပြုရင် လာမယ့်တနင်္လာနေ့ မနက် ၁၁ နာရီခွဲမှာ Istana Negara တွင် ကျမ်းကျိန်မယ်လို့ သိရပါတယ်။

ပြီခဲ့တဲ့ရက်ပိုင်းတွေက မဟာသီယာက သူကိုယ်တိုင်ပညာရေးဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူမယ်လို့ ပြောခဲ့ပေမယ့် သောကြာနေ့ မနက်စောပိုင်းက အဲဒီလို လျာထား ထားရာကနေ မဟာမိတ်ကြားက ကတိကဝတ် ကြောင့် နုတ်ထွက်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒုဝန်ကြီးချုပ်ဒေါက်တာဝမ်အဇီဇာဝမ်အစ္စမေးကတော့ အမျိုးသမီးနဲ့ မိသားစုဖွံ့ဖြိုးရေးဝန်ကြီးရာထူးကို ပူးတွဲထမ်းဆောင်မှာဖြစ်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ဝန်ကြီးစာရင်းမှာ နိ်ုင်ငံခြားရေးဝန်ကြီး မပါသေးတာကို တွေ့ရပါတယ်။

MDN

ကိုးကား- CNA