မလေးရှားကလပ်အသင်း တစ်သင်းသို့ ပြောင်းရွှေ့ရန် ဟိန်းထက်အောင် စီစဉ်နေ

ရန်ကုန်၊ ၂၅ ဒီဇင်ဘာ

၂၀၂၀ ရာသီတွင် ဟံသာဝတီအသင်း၌ ခြေစွမ်းပြကစားခဲ့သည့် တောင်ပံကစားသမား ဟိန်းထက်အောင် သည် မလေးရှားကလပ်အသင်း တစ်သင်းသို့ ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိသည်။

မြန်မာကစားသမားများသည် ယခုနောက်ပိုင်းနှစ်များတွင် ပြည်ပကလပ်အသင်းများသို့ သွားရောက် ကစားခွင့်ရရန် ကြိုးပမ်းလျက်ရှိပြီး ဟိန်းထက်အောင်သည် မလေးရှားကလပ် အသင်းတစ်သင်းသို့ ပြောင်းရွှေ့ခွင့်ရရန် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။

ဟိန်းထက်အောင်သည် ယခုလကုန်ပိုင်းတွင် အပြောင်းအရွှေ့ကိစ္စအတွက် အပြီးသတ်ဆောင်ရွက် မည်ဖြစ်ပြီး အပြောင်းအရွှေ့ကိစ္စအတွက် ဆောင်ရွက်ပြီးမှသာ ပြောင်းရွှေ့မည့်အသင်းအား ထုတ်ပြန် မည်ဖြစ်သည်။ ဟိန်းထက်အောင်သည် ဟံသာဝတီအသင်းနှင့် စာချုပ်ကုန်ဆုံးသွားပြီဖြစ်သောကြောင့် မလေးရှားကလပ်သို့ ပြောင်းရွှေ့ဖြစ်ပါက အပြီးသတ်ပြောင်းရွှေ့မည်ဖြစ်သည်။

ဟိန်းထက်အောင်သည် မြန်မာဘောလုံးအကယ်ဒမီမှ ထွက်ပေါ် လာသူဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားအဖြစ် ဟံသာဝတီအသင်းတွင် ၂၀၁၈ ရာသီမှ ၂၀၂၀ ရာသီကုန်အထိ ပါဝင်ကစားခဲ့သည်။ ဟိန်းထက်အောင်သည် ၂၀၂၀ ရာသီတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဟံသာဝတီအသင်း ဒုတိယဆု ရရှိရာ တွင် အဓိက ကစားသမားအဖြစ် ပါဝင်ကစားခဲ့သည်။

မြန်မာကစားသမားများသည် ယခုနောက်ပိုင်းနှစ်များတွင် ထိုင်းကလပ်များသို့ ဦးစားပေးပြောင်းရွှေ့ လျက်ရှိသော်လည်း ဟိန်းထက်အောင်သည် မလေးရှားကလပ်သို့ ပြောင်းရွှေ့ရန် စီစဉ်နေခြင်းဖြစ်ပြီး ထိပ်သီးအသင်းတစ်သင်းနှင့် ညှိနှိုင်းနေခြင်းဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်