မလေးရှား၌ ရေဘေးကြောင့် လူပေါင်း ၉၀၀၀ ကျော် ဘေးလွတ်ရာပြောင်းရွှေ့

ကွာလာလမ်ပူ  ဒီဇင်ဘာ  ၂၆

မလေးရှားနိုင်ငံ၌    မိုးအဆက် မပြတ်ရွာသွန်းပြီး     ရေကြီးမှု ကြောင့် ဒီဇင်ဘာ  ၂၅  ရက်အထိ လူပေါင်း ၉၉၆၇ ဦးကို ဘေးလွတ်ရာသို့  ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ဘေးလွတ်ရာသို့  ရွှေ့ပြောင်းနေထိုင်သူများကို   ပြည်နယ်လေးခုရှိ    ရေဘေးကယ်ဆယ်ရေးစင်တာ ၁၂၁ ခုတွင်   နေရာချထား ပေးခဲ့ကြောင်း    မလေးရှားနိုင်ငံ၏  လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ထို့ပြင် အသက် ၁၁ နှစ်အရွယ်  မိန်းကလေးတစ်ဦး  ရေနစ်ခဲ့ပြီး ကီလန်တာပြည်နယ်၌  ရေကြီးမှု ကြောင့်  အမျိုးသမီးတစ်ဦး ပျောက်ဆုံးခဲ့သည်ဟု သိရသည်။

အရှေ့မြောက်မုတ်သုံလေသည် ပုံမှန်အားဖြင့် အောက်တိုဘာလမှ    မတ်လအထိ  ရွာသွန်းပြီး အရှေ့မြောက်မုတ်သုံလေကြောင့်  နိုင်ငံမြောက်ပိုင်းပြည်နယ်များနှင့်   အရှေ့ဘက်ကမ်းရိုးတန်းများတွင် လေပြင်းများတိုက်ခတ်ကာ  ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်သည်ဟု   မိုးလေဝသဌာနက ခန့်မှန်း ထားသည်။

ဆင်ဟွာ