မလေးရှားနိုင်ငံ၏လူဦးရေ ယမန်နှစ်ကထက် ၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်

မေ ၁၅

မလေးရှားနိုင်ငံ၏လူဦးရေသည် ယခုနှစ်ပထမသုံးလအတွင်း ခန့်မှန်းခြေ ၃၄ သန်း ရှိရာ လွန်ခဲ့သောနှစ်က လူဦးရေ ၃၃ ဒသမ ၂ သန်းနှင့်နှိုင်းယှဉ်ပါက  ၂ ဒသမ ၃ ရာခိုင်နှုန်းပိုမိုမြင့်တက်လာကြောင်း ယမန်နေ့က တရားဝင်အချက်အလက် ဖော်ပြထားသည်။ နိုင်ငံသားဦးရေမြင့်တက်မှုနှင့် နိုင်ငံသားမဟုတ်သူဦးရေ ပိုမိုများပြားလာသဖြင့် နိုင်ငံ၏လူဦးရေမြင့်တက်လာခြင်းဖြစ်ကြောင်း မလေးရှားစာရင်းအင်းဌာနက ဖော်ပြထားသည်။ နိုင်ငံသားဦးရေ ၃၀ ဒသမ ၆ သန်း( ၉၀ ရာခိုင်နှုန်း)နှင့် နိုင်ငံသားမဟုတ်သူဦးရေ ၃ ဒသမ ၄ သန်း(၁၀ ရာခိုင်နှုန်း)ရှိသည်ဟု သိရသည်။ လွန်ခဲ့သောနှစ်ကအမျိုးသားဦးရေ ၁၇ ဒသမ ၄ သန်းရှိရာမှ ယခုနှစ်တွင် အမျိုးသားဦးရေ ၁၇ ဒသမ ၈ သန်းအထိမြင့်တက်လာကြောင်းနှင့် အမျိုးသမီးဦးရေသည် ယမန်နှစ်က ၁၅ ဒသမ ၈ သန်းရှိရာမှ ၁၆ ဒသမ ၁ သန်း ရှိလာကြောင်း ဖော်ပြထားသည်။ ပထမသုံးလအတွင်း သေဆုံးသူဦးရေပေါင်း ၄၇၉၆၄ ဦးရှိရာ လွန်ခဲ့သောနှစ်ကသေဆုံးသူဦးရေနှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၅ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး မွေးဖွားမှုနှုန်းသည် တစ်နှစ်ထက်တစ်နှစ် ၉ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို