မလေးရှားနိုင်ငံကို တင်ပို့လိုက်တဲ့ ပလပ်စတစ်အမှိုက်များကို တင်ပို့ရာနိုင်ငံတွေဆီ ပြန်ပို့မယ်

၂၉ မေ

 

မလေးရှားနိုင်ငံကို တင်ပို့လိုက်တဲ့ ပလပ်စတစ်အမှိုက်တန်ပေါင်း ၄၀ဝ ကျော်ကို တင်ပို့ရာနိုင်ငံတွေဆီ ပြန်ပို့မယ်။ မလေးရှားနိုင်ငံဟာ ကမ္ဘာ့အမှိုက်ပုံ မဟုတ်ဘူးလို့ မနေ့က မလေးအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ 

 

ုုပ

 

မလေးရှားနိုင်ငံကို ပလပ်စတစ်အမှိုက်တင်ပို့သော နိုင်ငံများဖြစ်တဲ့ သြစတြေးလျး၊ ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ တရုတ်၊ ဂျပန်၊ ဆော်ဒီ နှင့် အမေရိကန်နိုင်ငံများမှာ အမှိုက်တန်ချိန် ၄၅၀ ပါ ကုန်သေတ္တာ ၁၀ လုံးကို မူရင်းနိုင်ငံများဆီကို ပြန်လည်တင်မယ်။ မလေးရှားနိုင်ငံဟာ ကမ္ဘာ့အမှိုက်ပုံမဟုတ်ဘူး။ ဖွံဖြိုးပြီးနိုင်ငံတွေရဲ့ အနိုင်ကျင့်မှုကို မခံနိုင်ဘူး။ ဖွံ့ပြီးပြီးနိုင်ငံတွေ အနေနဲ့လည်း မလေးရှားနိုင်ငံကို အမှိုက်ပစ်ရာနေရာဆိုပြီး အမှိုက်ပို့တာကို ရပ်တန့်လိုက်ပါလို့ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ရဲအို က ပြောပါတယ်။ 

 

မနမမ

 

ပြီးခဲ့တဲ့လကလည်း စပိန်နိုင်ငံကို အမှိုက်သေတ္တာ ၅ လုံး ပြန်ပို့ခဲ့ပြီးကြောင်း သိရပါတယ်။ 

တရုတ်နိုင်ငံက နိုင်ငံတကာက အမှိုက်တွေကို လက်ခံနေရာကနေ ၂၀၁၈ ခုနှစ်ကစပြီး တရုတ်နိုင်ငံတွင်း သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်ရန် ပိတ်ပင်လိုက်ပါတယ်။ တရုတ်နိုင်ငံက အမှိုက်ကနေ ရီဆိုက်ကယ်လုပ်ကိုင်ရန် နိုင်ငံတကာက အမှိုက်တွေ အရင်ကလက်ခံခဲ့ပါတယ်။ အခုတော့ အရှေ့တောင်အာရှနိုင်ငံတွေ အမှိုက်လက်ခံနေရအဖြစ် လုပ်ဆောင်လာမှာကို လက်မခံနိုင်ဘူးလို့ မလေးရှားနိုင်ငံက ပြောကြားတာဖြစ်ပါတယ်။ 

 

၈၆၇အ၆၇

 

ကမ္ဘာတစ်ဝန်းမှာ တစ်နှစ်ကို ပလပ်စတစ်အမှိုက်တန် သန်း ၃၀ဝ လောက်ထွက်ရှိရာ အများစုက ကုန်းပေါ်နဲ့ ပင်လယ်ထဲမှာ အမှိုက်စွန့်ပစ်ရာအဖြစ် အသုံးပြုနေကြောင်း  WWF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

 


MDN
ကိုးကား - AFP