မလေးရှားနိုင်ငံမှာ နှစ် ၃၀ နီးပါးလောက်ကြာပြီးနောက် ပိုလီယိုရောဂါ ပြန်ပေါ်လာ

၉ ဒီဇင်ဘာ
မလေးရှားနိုင်ငံမှာ နှစ်ပေါင်း ၂၇ ကြာ ပျောက်ကွယ်နေတဲ့ ပိုလီယိုရောဂါဟာ မနေ့က ပြန်လည် ပေါ်လာခဲ့ကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။ 

မလေးရှားနိုင်ငံ အရှေ့ပိုင်း ဆာဘတ်ပြည်နယ် တူအာရန်ရှိ အသက်သုံးလအရွယ် ကလေးငယ်ဟာ အဖျားကြီးပြီး ကြွက်သားတွေ အားနည်းသွားတဲ့အတွက် အရေးပေါ်ကုလသရေး လုပ်ဆောင်နေရာကြောင်း၊ အခုတော့ အခြေအနေဟာ တည်ငြိမ်သွားပေမယ့် အသက်ရူရန်အတွက် ထောက်ပံ့ရေးကိရိယာတွေ အသုံးပြုထားရသေးကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် နျူးအက်ဒူလာကပြောပါတယ်။ 

 

ေ

 

ပိုလီယိုရောဂါဟာ ကာကွယ်နိုင်တဲ့ ရောဂါဖြစ်ပြီး ဆေးဝါးသောက်ခြင်း သို့မဟုတ် ဆေးထိုးခြင်းအားဖြင့် ကာကွယ်နိုင်ပေမယ့် ကုသလို့ ခက်ခဲတဲ့ရောဂါဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ အနှစ်၃၀ကျော်က ကမ္ဘာကြီးမှာ ပိုလီယိုရောဂါတိုက်ဖျက်နိ်ုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်က ကမ္ဘာတစ်ဝန်းမှာ ပိုလီယိုရောဂါရှင်ပေါင်း ၃၃ ဦးကို တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။ 

မလေးရှားနိုင်ငံမှာ ပိုလီယိုကင်းစင်ကြောင်းကို ၂၀ဝ၀ ခုနှစ်က ကြေညာခဲ့ပြီး ၁၉၉၂ ခုမှာ နောက်ဆုံးကြိမ် ပိုလီယိုရောဂါရှင်ကို တွေ့ရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလက ဖိလစ်ပိုင်နိုင်ငံမှာ ပထမဦးဆုံးပိုလီယိုရောဂါရှင် ကလေးငယ်ကို နှစ်ပေါင်း  ၂၀ နီးပါး မှာ တွေ့ရှိရခြင်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်က ပိုလီယိုရောဂါရှင် ကလေးငယ်နဲ့ မလေးရှားနိုင်ငံက ပိုလီယိုရောဂါရှင် ကလေးငယ်တို့ဟာ ရေလမ်းနယ်စပ်ပဲ ခြားထားကြောင်း သိရပါတယ်။ 

မလေးရှားနိုင်ငံမှာ ဂျာရာဘာလန်ဒေသမှာ မျိုးနွယ်စုတစ်ခုက ကာကွယ်ဆေးထိုးခြင်းကို ငြင်းဆိုပါတယ်။ အခုကိစ္စဟာ ပထမဦးဆုံးထွက်ပေါ်လာတဲ့ အကြောင်းအရာဖြစ်ပြီး နောက်ထပ် ရောဂါရှင်များ တိုးပွားလာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။ 

ကျန်းမာရေးဝန်ကြီးဌာနရဲ့ စုံစမ်းမှုကနေ အသက် ၁၅ နှစ်အောက် ကလေး ၂၃ ဦးဟာ ပိုလီယိုရောဂါ ပုံစံမျိုး ရရှိခံစားနေရာ သူတို့ဟာ ပိုလီယိုကာကွယ်ဆေး မထိုးဘူးသူများဖြစ်တယ်လို့ သိရပါတယ်။ 


MDN
ကိုးကားAFP