မလေးရှားနိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀၇၁ ဦး ထပ်မံတွေ့ရှိ

ကွာလာလမ်ပူ နိုဝင်ဘာ ၄

 

မလေးရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၀၇၁ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း ရောဂါကူးစက် ခံရသူပေါင်း ၂၄၈၁၃၃၉ ဦးရှိလာကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်သည်။ ။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၅ ဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိ လာသူများဖြစ်ပြီး ကျန် ၅၀၅၆ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

 

အလားတူလွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်၁၉ ရောဂါကူးစက်မှုကြောင့် ၇၀ ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၂၉၀၄၅ ဦး ရှိလာသည်။

 

သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၅၃၇၂ ဦးမှာ ရောဂါမှ ပြန်လည် သက်သာလာသည့်အတွက် ဆေးရုံများမှ ဆင်းသွားခဲ့ရာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၂၃၈၅၄၃၂ ဦး ရှိကြောင်း သိရသည်။

 

လက်ရှိအချိန်အထိ ပိုးတွေ့ဆဲလူနာ ၆၆၈၆၂ ဦး ရှိပြီး ၅၅၇ ဦးသည် အထူးကြပ်မတ်ကုသဆောင် များတွင် ဆေးဝါးကုသမှု ခံယူနေရပြီး ယင်းတို့အနက် ၃၀၀ သည် အသက်ရှူ အထောက်အကူပြုကိရိယာ များ တပ်ဆင်ထားရသည်။

 

လက်ရှိအချိန်အထိ ပြည်သူ ၇၈ ဒသမ ၁ ရာခိုင် နှုန်းသည် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံမှုခံယူ ပြီးဖြစ်ပြီး ၇၅ ဒသမ၂ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်