မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၅၄ ဦးထပ်မံတွေ့ရှိ 

ကွာလာလမ်ပူ    မေ   ၆

 

မလေးရှားနိုင်ငံ၌ မေ ၄ ရက် သန်းခေါင်ယံအထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၀၅၄   ဦး ထပ်မံ တွေ့ရှိလာသဖြင့် ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၄၄၅၂၈၃၅ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြထားသည်။

 

မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူများအနက် ပြည်ပပြန်ကူးစက်ခံရသူ တစ်ဦးရှိပြီး ဒေသတွင်း ကူးစက်ခံရသူ ၁၀၅၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။

 

မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ သုံးဦးရှိလာသဖြင့် ကိုဗစ်-၁၉ကြောင့် သေဆုံးသူစုစုပေါင်း   ၃၅၅၆၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 

မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ    ၄၁၀၇ ဦး ထပ်မံရှိလာသဖြင့် ပြန်လည်ကျန်းမာလာသူ စုစုပေါင်း    ၄၃၈၈၄၉၁ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

လက်ရှိတွင်  မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံနေရသူ ၂၈၇၇၇ ဦးပြီး ၇၄ ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရပြီး   ၄၁ ဦးမှာ အသက်ရှူအထောက်အကူပြု ကိရိယာများ လိုအပ်နေကြောင်း သိရသည်။     

 
  
ဆင်ဟွာ