မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၀၈ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၂၆

 

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၀၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၈၃၁၈၂၂ ဦး အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်ခံရသူများအနက် နှစ်ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၁၆၀၆ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၆၃၅၀ ရှိလာသည်ဟု သိရသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၇၇၀၉၄၀ ရှိကြောင်း ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၄၅၃၂ ဦးရှိပြီး ၅၁ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

 

နိုင်ငံ့လူဦးရေ၏ ၈၆ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း၊ ၈၄ ဒသမ ၂ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးဖြစ်ကြောင်းနှင့် အပိုဆောင်းကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူ ၄၉ ဒသမ ၇ ရာခိုင်နှုန်းနှင့် ဒုတိယအကြိမ် အပိုဆောင်းကာကွယ်ဆေးထိုးနှံပြီးသူ ၁ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို