မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၁၇ ဦး ထပ်မံတွေ့ရှိ

မေ ၁၉

 

မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၁၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၄၄၈၃၂၉၅ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

ထိုရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၀၁၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး လေးဦးသည် ပြည်ပကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ခုနစ်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၆၃၀ အထိ ရှိလာသည်။

 

ရောဂါကူးစက်ခံရသူများသည် ဆေးကုသမှုခံယူခဲ့ပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းသွားသူပေါင်း ၄၄၁၇၆၉၄ ဦး ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၂၉၉၇၁ ဦးရှိပြီး ၃၈ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

 

နိုင်ငံ့လူဦးရေ၏ ၈၅ ဒသမ ၄ ရာခိုင်နှုန်းအား ကိုဗစ်ရောဂါကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ၈၂ ဒသမ ၅ ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ၄၉ ဒသမ ၂ ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို