မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၅၃ ဦး ထပ်မံတွေ့ရှိ

မေ ၉

 

မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၅၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၄၄၅၈၈၈၉ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါ ကိုဗစ်ထပ်မံကူးစက်ခံရသူများအနက် ၂၁၅၁ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး နှစ်ဦးသည် ပြည်ပကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ဖြစ်ပွားမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၅၈၃ ဦးအထိရှိလာသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများသည် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူဦးရေပေါင်း ၄၄၀၀၇၅၀ ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၂၂၅၅၆ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၈၈ ဦး ရှိသည်။

 

နိုင်ငံ့လူဦးရေ၏ ၈၅ ဒသမ ၁ ရာခိုင်နှုန်းသည် ကိုဗစ်ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း၊ ၈၂ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီး ဖြစ်ကြောင်းနှင့် ၄၉ ဒသမ ၁ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီး ဖြစ်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို