မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၇၅ ဦး ထပ်မံတွေ့ရှိ

စက်တင်ဘာ ၁၆

 

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၇၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၈၁၃၇၀၂ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်မှုတွင် ၁၁ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၂၃၆၄ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် သုံးဦးထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၃၆၂၉၉ ဦးရှိလာသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၇၅၀၁၉၈ ဦး အထိရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၇၂၀၅ ဦးရှိပြီး ၅၃ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။ ၄၁ ဦးသည် အသက်ရှူအထောက်အကူပြုကိရိယာလိုအပ်လျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို