မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၆၀၅ ဦး ထပ်မံတွေ့ရှိ

မေ ၁၁

 

မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၆၀၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၄၆၃၇၄၀ ရှိလာကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါ ရောဂါထပ်မံကူးစက်ခံရသူများအနက် လေးဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၂၆၀၁ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ခြောက်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၅၉၀ ရှိလာသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၄၀၅၁၉၇ ဦး ရှိသည်ဟု ထိုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၂၉၅၃ ဦးရှိပြီး ၎င်းတို့အနက် ၆၇ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

 

နိုင်ငံ့လူဦးရေ၏ ၈၅ ဒသမ ၂ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီး၊ ၈၂ ဒသမ ၂ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံခဲ့ပြီး ၄၉ ဒသမ ၁ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီး ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို