မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၇၂၀ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၂၅

 

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၇၂၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၆၅၁၆၅၁ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက  ယနေ့သတင်းထုတ်ပြန်ထားသည်။

 

ထိုရောဂါထပ်မံကူးစက်ခံရသူများအနက ငါးဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၂၇၁၅ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် သုံးဦးထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၃၅၉၁၄ ဦး ရှိလာသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၅၆၇၄၈၅ ဦးရှိသည်ဟု သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၄၈၂၅၂ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၅၄ ဦးရှိသည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၈၅ ဒသမ ၉ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၈၄ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအပိုဆောင်းပထမအကြိမ်ထိုးနှံပြီးသူ ၄၉ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ၀ ဒသမ ၉ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပိုဆောင်းဒုတိယအကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို