မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၆၂၂၆၀၇ ဦး ရှိလာ

မတ် ၇

 

မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၄၃၅ ဦးတွေ့ရှိခဲ့ပြီးနောက် ကူးစက်ဖြစ်ပွားသူပေါင်း ၃၆၂၂၆၀၇ ဦးအထိရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာက ပြောကြားသည်။

 

ထပ်မံကူးစက်ဖြစ်ပွားသူများအနက် ၂၅၄ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၂၇၁၈၁ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၅၅ ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၃၂၂၈ ဦးအထိရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၃၀၃၃၅ ဦးရှိရာ ဆေးရုံများမှဆင်းသွားသူပေါင်း ၃၂၈၁၁၂၈ ဦးရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၃၀၈၂၅၁ ဦးရှိပြီး ၎င်းတို့အနက် ၃၇၉ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသည်။

 

နိုင်ငံလူဦးရေ၏ ၈၃ ဒသမ ၂ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၇၈ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး ၄၆ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီး ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို