မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၉၀၂ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၂၀

 

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၉၀၂ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၄၆၂၉၉၆၃ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ပြည်ပမှပြန်လည်ရောက်ရှိလာသူ လေးဦးနှင့် ပြည်တွင်းကူးစက်ခံရသူ ၃၈၉၈ ဦးတို့ ဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ရှစ်ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၈၇၀ ရှိလာသည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၅၅၀၉၄၉ ဦးရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာ ၄၃၁၄၄ ဦးရှိပြီး  ၅၅ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို