မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၉၂၆ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၂၉

 

မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၉၂၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၄၆၆၈၁၃၉ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၃ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၃၉၀၃ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် လေးဦးသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၉၄၆ ဦး အထိရှိလာသည်ဟု သိရသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများအနက် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၅၈၄၉၀၇ ဦး ရှိကြောင်း ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၄၇၂၈၆ ဦး ရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူဦးရေ ၆၀ ရှိသည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၈၆ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၈၄ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအပိုဆောင်းပထမအကြိမ်ထိုးနှံပြီးသူ ၄၉ ဒသမ ၆ ရာခိုင်နှုန်းနှင့် ကာကွယ်ဆေးအပိုဆောင်းဒုတိယအကြိမ်ထိုးနှံပြီးသူ ၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို