မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၇၅၉ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၂၇

 

မလေးရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၇၅၉ ဦးတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၆၅၉၇၁၀ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် သုံးဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၄၇၅၆ ဦးသည် ပြည်တွင်းကူးစက်မှုများဖြစ်သည်ဟု ထိုဝန်ကြီးဌာနက ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ကိုးဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၅၉၃၂ ဦး ရှိလာသည်ဟု သိရသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများသည် ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၅၇၇၅၁၈ ဦးအထိ ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၄၆၂၆၀ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၅၂ ဦးရှိသည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးသူ ၈၅ ဒသမ ၉ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၈၄ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအပိုဆောင်းပထမအကြိမ်ထိုးနှံပြီးသူ ၄၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ကာကွယ်ဆေးအပိုဆောင်းဒုတိယအကြိမ်ထိုးနှံပြီးသူ ၀ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို