မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၃၃၇၂၂၇ ဦးရှိလာ

ဖေဖော်ဝါရီ ၂၅

 

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂၀၇၀ ဦးရှိသောကြောင့် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၃၃၃၇၂၂၇ ဦးအထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ထပ်မံကူးစက်ခံရသူများအနက် ၂၀၉ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၃၁၈၆၁ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၄၆ ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၂၅၃၄ ဦး ရှိလာသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၂၈၆၅၂၁ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၃၂၇ ဦး ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် လူဦးရေ၏ ၈၂ ဒသမ ၁ ရာခိုင်နှုန်းသည် ကိုဗစ်ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းနှင့် ၇၈ ဒသမ ၈ ရာခိုင်နှုန်း ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးဖြစ်သည်။ ၄၄ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို