မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄ ဒသမ ၈၅ သန်းကျော်ရှိလာ

 

ကွာလာလမ်ပူ  အောက်တိုဘာ  ၁၀

 

မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၅၃ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်ခံရသူ ပေါင်း ၄၈၅၄၉၇၆ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

မလေးရှားနိုင်ငံ၌  လွန်ခဲ့သည့် တစ်ရက်အတွင်း  ကူးစက်ခံရသူများ အနက် ရှစ်ဦးသည်  ပြည်ပမှ  ပြန်လည် ရောက်ရှိလာသူများဖြစ်ပြီး  ၁၄၄၅  ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်း မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက  ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

 

ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ နှစ်ဦးထပ်မံတွေ့ရှိခြင်းကြောင့် မလေးရှားနိုင်ငံ၌  အဆိုပါရောဂါဖြင့်   သေဆုံးသူပေါင်း ၃၆၄၀၀ ရှိလာကြောင်း နှင့်  ကိုဗစ်-၁၉ ရောဂါမှ  ပြန်လည်ကျန်းမာ လာသူ ၁၈၀၀  ထပ်မံတွေ့ရှိခြင်းကြောင့်  ပြန်လည်ကျန်းမာလာသူပေါင်း ၄၇၉၅၈၀၄ ဦးရှိလာကြောင်း  သိရသည်။

 

လက်ရှိတွင်  မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ လူနာပေါင်း ၂၂၇၇၂ ဦးရှိကြောင်း၊ နိုင်ငံလူဦးရေ၏ ၈၆ ဒသမ ၁ ရာခိုင်နှုန်းသည် ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း၊ ၈၄ ဒသမ ၂ ရာခိုင်နှုန်းသည် နှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းနှင့် ၄၉ ဒသမ ၇ ရာခိုင်နှုန်းသည် တတိယအကြိမ်  ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-အလင်းသစ်