မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၅၄၄၆ ဦး ထပ်မံတွေ့ရှိ

ဒီဇင်ဘာ ၁၀

 

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၄၄၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်မှုဖြစ်ပွားသူပေါင်း ၂၆၇၈၄၆၅ ဦးအထိရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

ထပ်မံကူးစက်ခံဖြစ်ပွားသူများအနက် ၅၄၂၆ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၂၀ သည် ပြည်ပကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်မှုကြောင့် ၄၁ ဦး ထပ်မံသေဆုံးပြီး သေဆုံးသူပေါင်း ၃၀၇၈၇ ဦးအထိ မြင့်တက်လာသည်။

 

ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းခွင့်ရရှိသူပေါင်း ၂၅၈၆၈၂၂ ဦးရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၆၀၈၅၆ ဦးရှိပြီး ၎င်းတို့အနက် ၄၁၉ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေဆဲဖြစ်သည်။

 

နိုင်ငံလူဦးရေ၏ ၇၉ ဒသမ ၃ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထက်မနည်း ထိုးနှံမှုခံယူပြီးသူများဖြစ်ပြီး ၇၈ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီး ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို