မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူ ၅၈၀၆ ဦး ထပ်မံတွေ့ရှိ

ဒီဇင်ဘာ ၃

 

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၈၀၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ကူးစက်ခံရသူပေါင်း ၂၆၄၄၀၂၇ ဦးအထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနပြောကြားချက်အရသိရသည်။

 

ထပ်မံကူးစက်ခံရသူများအနက် ၁၁ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၅၇၉၅ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်သည်ဟု ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၄၇ ဦးထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၃၀၅၂၁ ဦးရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းလာသူပေါင်း ၂၅၅၁၂၅၃ ဦးရှိလာသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၆၂၂၅၃ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၅၁၁ ဦးရှိသည်။

 

နိုင်ငံလူဦးရေ၏ ၇၉ ဒသမ ၂ ရာခိုင်နှုန်းသည် ကာကွယ်ဆေးတစ်ကြိမ်ထက်မနည်းထိုးနှံမှုခံယူပြီးဖြစ်သည်။

 

ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးသူ ၇၇ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို